ပန်းတနော်၌ အ.မ.က (၁) ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပုံပြပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့နံနက်ပိုင်းက ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ အခြေခံပညာမူလတန်းကျောင်း အ.မ.က (၁) မှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ကာ ရုပ်ပုံပြပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူလေးများက ရုပ်ပုံပန်းချီကားချပ်များကို ကြည့်ရှုကာ မိမိတို့ဉာဏ်စွမ်းရှိသရွေ့ အမူအရာဟန်ပန်များဖြင့် စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ထူးချွန်သူများကို တာဝန်ရှိသူများက အမှတ်တရဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။