ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ အပတ်စဉ် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အ.မ.က(၄)၊ အ.ထ.က(၂) ကျောင်းတို့၌ ငှားရမ်းပေး ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများသည် သည် စာအုပ်/စာပေ လူ့မိတ်ဆွေ၊ စာဖတ်ခြင်းသည် လူတစ်ဦး၏ ဘဝကို တိုးတက်သွားစေယုံမျှမက ပျက်စီးခြင်းဘေးမှလည်း ကာကွယ်နိုင်ခြင်း၊ အလိမ္မာ စာမှာရှိစသည့် စာဖတ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကို သိရှိနိုင်ပြီး စာပေ ဝါသနာရှင်များ ထွန်းကားရေး၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ရေး နှင့် အသိပညာ ကြွယ်ဝရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက လက်ဝယ်အရောက် အဆိုပါငှားရမ်း ရာ၌ အထွေထွေဗဟုသုတ စာအုပ်၊ ဂျာနယ်၊ ဝတ္ထု၊ သုတ/ရသ၊ မဂ္ဂဇင်း၊ ကာတွန်းနှင့် ရုပ်ပြစာအုပ်များ အပတ်စဉ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
