လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ နံရံကပ်စာစောင်ပြပွဲ၊ ရုပ်ပုံပြပုံပြောပြိုင်ပွဲ ကျင်းပဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားရင့်သန်လာစေရန်နှင့် ပြင်ပစာပေဗဟုသုတများကို ရှာမှီးလေ့လာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်း အ.မ.က (ရွာသစ်) မှ ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ကာ နံရံကပ်စာစောင်ပြပွဲနှင့် ရုပ်ပုံပြပုံပြောပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်ခဲ့သည်။