လူထုအခြေပြုဗဟိုဌာန(ပန်းတနော်) Community Centre ၌ စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် နံရံကပ်စာစောင်ပြသခြင်း ၊ အသိပညာဗဟုသုတများ တိုးပွားရေး စာအုပ်စာစောင် ပြပွဲတို့ကို  ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်မြင့်မားရေး၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက် ရေး ၊ စာအုပ်စာပေမှပေးသော အသိပညာအတတ်ပညာများ ရရှိရေး၊ စာအုပ်စာပေချစ်မြတ်နိုးရေး၊ စာဖတ်အားကောင်းမွန်စေရေး၊ စာပေဝါသနာရှင်များ ထွန်းကားရေးအတွက် စာအုပ်စာစောင်ပြပွဲများ၊ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းတို့ကို လူထုအခြေပြုဗဟိုဌာနသို့ လာရောက်သည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဒေါဝါးကျောင်းမှ ကျောင်းသားလူငယ်များအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကျောင်းသားလူငယ်များသည် ပြည်သူ့စာကြည့်တိုက်တွင် ထားရှိသည့် Tablet များဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက လွှင့်တင်လျက်ရှိသည့် MOI ၊ Mtube Website များအား ဝင်ရောက် လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။