ပန်းတနော်မြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

(၇၉)နှစ်မြောက်  ပြည်ထောင်စုနေ့ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၉)နှစ်မြောက်  ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက် ( ၅ ) ရပ် ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားကိုယ်စားလှယ် (၂၃) ဦး၏ အမည်များ၊ “နှင်းရည်ဆွတ်ဖျန်းပွင့်ပန်းစုံညီ” ကဗျာ၊      (၁၅-၁၀-၂၀၂၅) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင်  ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း ၂၀-၁-၁၉၄၆ ရက်နေ့တွင် ကျင်းပသည့် ဖဆပလအဖွဲ့ကြီး၏ ပထမအကြိမ် ကွန်ဂရက်တွင် ပြောကြားသည့် မိန့်ခွန်းများမှ ကောက်နုတ်ချက်၊ ၂၀၂၆ ခုနှစ်၊(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်များကို ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးနှင့် ဝန်ထမ်းများက စောင်ရေ (၅၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။