ပန်းတနော်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ကျောင်းသား/သူများ၊ ဂုဏ်ထူးသင် ဆရာ/ဆရာမများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဆုချီးမြှင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ များ၊ ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့ကြ သော ဆရာ/ဆရာမများနှင့် အောင်ချက်အကောင်းဆုံးဆု ရရှိသော ကျောင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ က “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပန်းတနော်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဇော် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ယဉ်ယဉ်သိမ့် က ဆုပေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုစကား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ၊ သင်ကြား ပေးခဲ့ကြသော ဂုဏ်ထူးသင် ဆရာ/ဆရာမများနှင့် အောင်ချက်အကောင်းဆုံး ရရှိခဲ့သည့်ကျောင်း များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများ ကိုယ်စား အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း (ဇရပ်လှကြီး) မှ (၃) ဘာသာဂုဏ်ထူးရှင် နမ့်ငယ်ငယ်ထွေး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ဆုရ ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။