(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ဇန်နဝါရီ ၂ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုမောင်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဆယ့်နှစ်ရွာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက စာစီစာကုံးပြိုင်ပွဲများနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ၊ အထူးဆုရရှိခဲ့သူ ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဆယ့်နှစ်ရွာ မှ ကျောင်းသား ကျောင်းသူ (၃၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။