ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ Youth Club အဖွဲ့ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၊အစည်းအဝေးခန်းမတွင် ဇန်နဝါရီ ၂၁ရက် နံနက် ၁၁:၀၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Youth Club) အဖွဲ့နှင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။  အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “စာကောင်းပေကောင်းရဲ့ အရသာ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမောင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Youth Club  အဖွဲ့ဝင် နမ့်ခီလားဟီက “စိတ်ထားအလှ” ဖြင့်လည်းကောင်း၊ မဝင်းပပက ” စာကောင်းပေကောင်းရေးနည်း”  ဖြင့်လည်းကောင်း၊ မသိင်္ဂီစိုးက “အကျိုးပြုစာပေဟူသည်” ဦးစီးအရာရှိ ဦးကိုကိုမောင်က “စာကောင်းပေကောင်းရဲ့ အရသာ”တို့ကို ဆွေးနွေးကြပြီး တက်ရောက် လာကြသူများက စာအုပ်ပါ အကြောင်းအရာများကို ထင်မြင်ယူဆချက်များ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲ များ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။