ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ နံရံကပ်စာစောင်ပြသခြင်း နှင့် စာအုပ်စာစောင်ပြပွဲကျင်းပဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကလေးသူငယ်များအသိပညာတိုးတက်စေရေး နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများ ကို ယနေ့နံနက်ပိုင်းက အ.မ.က (ရွာသစ်)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများဖြင့်  ပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး၊ ဦးနှောက်နှင့်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်ရေး ၊ စာအုပ်စာပေမှ ပေးသော အသိပညာအတတ်ပညာများ ရရှိရေး၊ စာအုပ်စာပေချစ်မြတ်နိုးရေး၊ စာဖတ်အားကောင်းမွန်စေရေး၊ စာပေဝါသနာရှင်များ ထွန်းကား ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က တစ်ဦးချင်းဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်း၊ စာပေဖတ်ရှုရန် နည်းလမ်းများ၊ မိမိစိတ်ဝင်စားစရာ စာပေ ဖတ်ရှုခြင်းတို့ကို လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊။