ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ပန်းတ နော်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၀င် ဧရာ၀တီတိုင်းတာ၀န်ခံ ဦးတင်ဆွေ၀င်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများမှ ယနေ့ နေ့လည် ၁ နာရီတွင် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င် ဧရာ၀တီတိုင်းတာ၀န်ခံ ဦးတင်ဆွေ၀င်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများမှ ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက် မဲရုံ အမှတ်(၁)၊ အနောက်ပိုင်းရပ်ကွက် မဲရုံ အမှတ်(၁)၊ အမှတ်(၂)သို့ သွားရောက်ကာ မဲရုံကြီးကြပ် ဌာနဆိုင်ရာအကြီးအကဲများ ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ရပ်ကွက်၊ကျေးရွာကော်မရှင်ဥက္ကဌ၊ အတွင်း ရေးမှူး၊မဲရုံမှူးများနှင့် တွေ့ဆုံ၍ မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေး၊ မဲရုံပရဝုဏ်သတ်မှတ်ရေး၊ မဲရုံအတွင်း လွှတ်တော်(၃)ရပ်နှင့်တိုင်းရင်းသားလူမျိုးစု လွှတ်တော်ဆန္ဒမဲပေးခန်းများ သတ်မှတ် လမ်းညွှန်ချက်များအတိုင်း စနစ်တကျဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲနေ့ရက်တွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲရုံတာဝန်ကို ကြိုတင်ထမ်းဆောင်ကြမည့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မဲရုံတာဝန်ကျ ဝန်ထမ်းများအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရေးတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ပန်းတနော်မြို့နယ်ရှိ ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံနေရာများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င် ဧရာ၀တီတိုင်းတာ၀န်ခံ ဦးတင်ဆွေ၀င်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်