ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်

ပန်းတနော် မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ တွင် တစ်နိုင်တစ်ပိုင် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာများ တတ်မြောက်ပြီး မိသားစုအပိုဝင်မှ စီးပွားဖြစ်ဝင်ငွေရရှိရေးအတွက် ယနေ့နံနက် (၉)နာရီက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က ဒေသခံပြည်သူများ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်လှစ်လျက်ရှိရာ သင်တန်းသား၊သင်တန်းသူများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးထူထောင်ပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သင်တန်းတက်ရောက်ပြီးပါက လိုအပ်သည်များ ကူညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သင်ကြားပေးလိုက်သော ပညာရပ်များကို အကျိုးရှိစွာအသုံးချသွားကြရန်၊ ကြိုးစားဆောင်ရွက်သွားပါက လုပ်ငန်းရှင်များ ဖြစ်လာပြီး လက်တွေ့တွင် အကျိုးရှိစွာအသုံးချစေရန် အမှာစကားပြောကြားခဲ့ပြီး ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အမှာစကားဆက်လက် ပြောကြားခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်မောင်မောင် သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်းနှင့်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မြမာလာစိုးက အမှာစကားများပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြများဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်နည်းပြ ဒေါ်စန္ဒာဆွေဦးတို့က လူသုံးကုန်လုပ်ငန်းသုံး ဓါတုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားပြီး ဘက်စုံသုံးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ အမွှေးဆီ၊ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာခရင်မ်၊ ကိုယ်တိုက်ဆပ်ပြာခဲ၊ Herbal အခြေခံခေါင်းလျှော်ရည် နှင့် ကြက်ဥကျောက်ကျော၊ လေးထပ်‌ကျောက်ကျော ထုတ်လုပ်နည်းများကို မတ်လ(၂၁)ရက်မှ (၂၂)ရက်နေ့အထိ (၂)ရက်ကြာ သင်တန်းသားသင်တန်းသူ (၂၀)ဦးအား စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)