ပန်းတနော်မြို့နယ်၌ ဂီတအမွေလက်ဆင့်ကမ်း ဖျော်ဖြေပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ မြန်မာ့ရိုးရာနှင့် ခေတ်ပေါ် ဂီတအနုပညာ အမွေအနှစ်များ ပျောက်ပျက် မသွားစေရေး၊ မျိုးဆက်သစ် ဂီတဝါသနာရှင်များ အချင်းချင်း ချစ်ကြည်ရင်းနှီးစွာ စိတ္တသုခတိုးပွားအပန်းဖြေနိုင်ရေးအတွက် “ဂီတအမွေ လက်ဆင့်ကမ်းဖျော်ဖြေပွဲ” အခမ်းအနားကို ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရွှေနော်သီရိခန်းမ၌ ယနေ့နံနက်၈နာရီခွဲအချိန်က စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားတွင်ပန်းတနော်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်…