ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကျောင်းသားလူငယ်များ စူပါအယ်နီညိုအန္တရာယ် ဆိုင်ရာ အသိပညာများရရှိစေရေးအတွက် နံရံကပ်စာစောင်ပြသခြင်း ၊ အသိပညာဗဟုသုတများ တိုးပွားရေး စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်မြင့်မားရေး၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက် ရေး ၊ စာအုပ်စာပေမှပေးသော အသိပညာအတတ်ပညာများ ရရှိရေး၊ စာအုပ်စာပေချစ်မြတ်နိုးရေး၊ စာဖတ်အားကောင်းမွန်စေရေး၊ စာပေဝါသနာရှင်များ ထွန်းကားရေးအတွက် စာအုပ်စာစောင်ပြပွဲများ၊ လာမည့်(၆)လအတွင်း ဖြစ်ပေါ်မည့် စူပါအယ်နီညို ရာသီဥတု အန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များကို သိရှိစေနိုင်ရေးအတွက် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းတို့ကို လူထု အခြေပြုဗဟိုဌာနသို့ လာရောက်သည့် ကျောင်းသားလူငယ်များအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကျောင်းသားလူငယ်များသည် ပြည်သူ့စာကြည့်တိုက်တွင် ထားရှိသည့် Tablet များဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက လွှင့်တင်လျက်ရှိသည့် MOI ၊ Mtube Website များအား ဝင်ရောက် လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
