ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)သို့ အ.လ.က(ခွဲ)ဆယ့်နှစ်ရွာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် နံရံကပ် စာစောင်နှင့်စာအုပ်စာစောင်များ ပြသပေးလျက်ရှိရာ ယနေ့တွင် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ဆယ့်နှစ်ရွာ မှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာခဲ့ကြသည်။

 

ထိုသို့ လာရောက်လေ့လာရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက စာကြည့်တိုက်အတွင်းရှိ သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြသပေးခဲ့ကြသည်။

 

ယင်းနောက် လာရောက်လေ့လာကြသည့် အ.လ.က(ခွဲ)ဆယ့်နှစ်ရွာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် ကလေးစာပေများ၊ ဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြ ကြောင်း သတင်းရရှိသည်။