ပန်းတနော်မြို့နယ်၌ (၂၇) ကြိမ်မြောက် မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ မြို့ကွက်သစ်ရပ်ကွက်ရှိ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌(၂၇) ကြိမ်မြောက် မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ‌ရေး နှင့် အုပ်ချုပ်ရေးကော်မတီ ယာယီဥက္ကဋ္ဌ ဦးနေလင်းနိုင် က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ထို့နောက် ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ဝါသနာရှင် (ပထမတန်း) အဆင့် အဆိုပြိုင်ပွဲ (မဟာဂီတ) တွင် ပြိုင်ပွဲဝင် ဒေါ်သန်းသန်းအေး၊ ဝါသနာရှင် (ပထမတန်း) အဆင့်ပတ္တလားပြိုင်ပွဲဝင် ဦးစက်ကလေး၊ အခြေခံပညာအဆင့် အသက် (၁၅ – ၂၀) အကပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မောင်သူရထွန်း (အထက- ချောင်းကလေး)၊ ဝါသနာရှင် (ဒုတိယတန်း) အဆင့် ရုပ်သေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဒေါ်ခင်ဆုဆုဇော် နှင့် အခြေခံပညာအဆင့် အသက် (၁၀ – ၁၅) ကဗျာလွတ်ပြိုင်ပွဲတွင် အထက (၂) ကျောင်းသူများက အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပြီး (၂၇) ကြိမ်မြောက် မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲ‌ရေး နှင့် အုပ်ချုပ်ရေးကော်မတီယာယီဥက္ကဋ္ဌဦးနေလင်းနိုင်နှင့်အဖွဲ့ဝင်များ၊ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်ဦး‌ကျော်မင်းသန်း၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။