ထီးထာကရင်လူငယ်ပရဟိတဖောင်ဒေးရှင်းမှ ရှေးဦးသူနာပြုနှင့်အရေးပေါ်ကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲ ကျင်းပ

ထီးထာကရင်လူငယ်ပရဟိတဖောင်ဒေးရှင်းက ကြီးမှူးကျင်းပသော “ရှေးဦးသူနာပြုနှင့် အရေးပေါ်ကယ်ဆယ်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ရွှေနော်သီရီခန်းမ၌ ဇွန်လ ၂၆ ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို စတင်ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီးနောက် ထီးထာကရင်လူငယ် ပရဟိတဖောင်ဒေးရှင်း နာယက ဆရာတော် မန်းနဲနန္ဒာစာရ က အဖွင့်အမှာစကား မိန့်ကြားတော် မူခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးမန်းသိန်း‌ကျော် က တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပန်းတနော်မြို့နယ် ကြက်ခြေနီအသင်း ဥက္ကဌ (ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဌ) မန်းဝင်းမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ MAN Social Assistance and Rescues ဥက္ကဌ ဦးသူရကြူမှ အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ထီးထာကရင်လူငယ်ပရဟိတဖောင်ဒေးရှင်း ဥက္ကဌ စအိုင်ထီးခန့် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

အစီအစဉ်အရ သင်တန်းတွင် ပို့ချမည့် သင်တန်းဆရာများနှင့် တက်ရောက်လာကြသော လူမှုရေးအသင်းအဖွဲ့များက တစ်ဦးချင်း မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် သင်တန်းဖွင့်ပွဲအခမ်းအနား ပြီးဆုံးကြောင်း ကြေညာခဲ့သည်။

အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်း၊ ပန်းတနော်၊ ကျောင်းကုန်း၊ အိမ်မဲ၊ မြောင်းမြ၊ ဝါးခယ်မ၊ ရေကြည်၊ ဘိုကလေး၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော မြို့များမှသင်တန်းသားဦးရေ(၆၅)ဦး တက်‌ရောက်မည်ဖြစ်ပြီး သင်တန်း ကာလမှာ ဇွန်လ၂၆မှ ဇွန်လ၂၈ထိ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။