ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရ ဆောင်ရွက်သည့် လယ်ယာမြေ ဥပဒေနှင့်အညီ ရောင်း၊ ပေါင်၊ လဲ၊ ငှား၊ ပေး ဆောင်ရွက်ခဲ့သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပြင်ဆင်ထုတ်ပေးသည့် အခမ်းအနားကို ဇွန်လ ၃ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရွှေနော်သီရိခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ အတွင်းရေးမှူး၊ မြို့နယ်မြေစာရင်းဦစီးဌာနမှူး ဦးဇော်မျိုးလွင်က ရက်(၁၀၀)စီမံချက်နှင့် ပတ်သက်သည့် ဌာန၏လုပ်ဆောင်ချက်များအားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ပြင်ဆင်ထုတ်ပေးသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များအား တောင်သူများသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
