ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုမောင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဌဒေါ်အေးသီတာထက် တို့က အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်ပြီး အခမ်းအနားများ ကျင်းပရာတွင် စနစ်တကျရှိစေရန်၊ စကားပြောဆိုမှုစွမ်းရည် မြှင့်တင်ရန်နှင့် အခမ်းအနားမှူးကောင်းတစ်ဦး၏ အရည်အချင်းများ ပြည့်ဝလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
သင်တန်းတွင် သက်ဆိုင်ရာသင်တန်းဆရာများကအခမ်းအနားမှူးတစ်ဦး လိုက်နာရမည့် ကျင့်ဝတ်များနှင့် စည်းကမ်းများ၊အသံနေအသံထားနှင့် စကားပြောဆိုမှုပညာ၊ အခမ်းအနား အစီအစဉ်များအား စနစ်တကျ ရေးသားခြင်းနှင့် စီမံခန့်ခွဲခြင်း စသည်တို့ကိုဆွေးနွေးပို့ချသွား မည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် သင်တန်းသား၊ သင်တန်းသူ (၃၆)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရှိရသည်။