ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၊ Communiy Centre အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)နှင့်ပန်းတနော်မြို့နယ်ဟာသပညာရှင်များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဌ ဦးဒိန်းဒေါင်၊ မြို့နယ်ဟာသပညာရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဌ ဦးဒိန်းဒေါင် က ပန်းတနော်မြို့နယ်အတွင်းရှိ သဘင်အနုပညာရှင်များနှင့် ဟာသအနုပညာရှင်များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အနုပညာလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် အစည်းအရုံးဝင်များအကြား စည်းလုံးညီညွတ်မှု အားကောင်းစေရေးအတွက် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပန်းတနော်မြို့နယ် သဘင်အစည်းအရုံး တာဝန်ရှိသူများက မိမိတို့မြို့နယ်အတွင်း အနုပညာလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြရာ ဗဟိုဥက္ကဌ ဦးဒိန်းဒေါင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။