ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခမဲ့အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နည်းပညာစွမ်းရည် မြှင့်တင်ပေးနိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခမဲ့အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၆)ကို ဖွင့်လှစ်သင်ကြား ပေးလျက် ရှိပါသည်။

အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသည့် လူငယ်များ တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြများက အောက်ပါဘာသာရပ်များကိုလက်တွေ့ စနစ်တကျ သင်ကြားပေးနေခြင်း ဖြစ်သည် –

  • Microsoft Word: ရုံးစာတမ်းပြုစုနည်းနှင့် စာစီစာရိုက်ခြင်း။
  • Microsoft Excel: စာရင်းဇယား တွက်ချက်ခြင်းနှင့် ဖန်တီးခြင်း။
  • Microsoft PowerPoint: တင်ပြမှုဆိုင်ရာ (Presentation) နည်းပညာများ။
  • Basic IT Knowledge: ကွန်ပျူတာ အခြေခံ နည်းပညာဗဟုသုတများ။

ယခုကဲ့သို့ အခမဲ့ ဖွင့်လှစ်သင်ကြားပေးရခြင်းမှာ လူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အခြေခံကွန်ပျူတာ နည်းပညာများကို အခကြေးငွေ မပေးရဘဲ တတ်မြောက်စေရန်နှင့် အနာဂတ် လုပ်ငန်းခွင်များတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၆) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဒေါ်ဆုမွန်တြာလှိုင် ရုပ်သံ-၃(အင်အားပြ) က အခမဲ့သင်ကြားသွားမည်ဖြစ်ကာ သင်တန်း ပြီးဆုံးသည် အထိတက်ရောက်သင်ကြားသူများအား သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။