ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကျောင်းသားလူငယ်များ စူပါအယ်နီညိုအန္တရာယ် ဆိုင်ရာ အသိပညာများရရှိစေရေးအတွက် နံရံကပ်စာစောင်ပြသခြင်း ၊ အသိပညာဗဟုသုတများ တိုးပွားရေး စာအုပ်စာစောင်ပြပွဲတို့ကို ယနေ့ နံနက်ပိုင်းက အ.မ.က-ရွာသစ်ကျောင်းမှ ကျောင်းသား/သူများဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်မြင့်မားရေး၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက် ရေး ၊ စာအုပ်စာပေမှပေးသော အသိပညာအတတ်ပညာများ ရရှိရေး၊ စာအုပ်စာပေချစ်မြတ်နိုးရေး၊ စာဖတ်အားကောင်းမွန်စေရေး၊ စာပေဝါသနာရှင်များ ထွန်းကားရေးအတွက် စာအုပ်စာစောင်ပြပွဲများ၊ လာမည့်(၆)လအတွင်း ဖြစ်ပေါ်မည့် စူပါအယ်နီညို ရာသီဥတု အန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန် ရှောင်ရန်များကို သိရှိစေနိုင်ရေးအတွက် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းတို့ကို လူထု အခြေပြုဗဟိုဌာနသို့ လာရောက်သည့် ကျောင်းသားလူငယ်များအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကျောင်းသားလူငယ်များသည် ကလေးစာဖတ်ခန်းတွင် စာအုပ်စာပေများလေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။
