ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် နံနက် ၉ နာရီအချိန်တွင် ပန်းတနော်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ရွှေနော်သီရိခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ထို့နောက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးကျော်သက်ခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဇော် နှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ ဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီး က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။
