ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ မြို့ကွက်သစ်ရပ်ကွက်၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova အပါအဝင် ကိုယ်စားလှယ် (၄) ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းအပါအဝင် တာဝန်ရှိသူ (၅) ဦးတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် Global Earth Co., Ltd. မှ ငါးလုပ်ငန်း ပို့ကုန် (Export) တင်ပို့ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
