ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ နံနက် ၉ နာရီ အချိန် က ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်ရွက်မှု ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပန်းတနော်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စစ်လင်းက အဖွင့်အမှာ စကားပြောကြားပြီး ပန်းတနော်မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မျိုးနိုင်က ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အား စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ/ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၁၃၅)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
