ပန်းတနော်မြို့နယ်၌ အ.မ.က-ရွာသစ်ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားစေရန်၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများအား စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုနိုင် စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဌေးဌေးစိုးနှင့် ဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းတွင် အ.မ.က-ရွာသစ်ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အ.မ.က-ရွာသစ်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဗဟုသုတ ရရှိစေရန်အတွက်သုတ၊ ရသစာအုပ်စာစောင်များ၊ မဂ္ဂဇင်းများ၊ရုပ်ပြနှင့် အသိပညာပေး စာစောင်များ စုံလင်စွာ ခင်းကျင်းပြသခဲ့ပြီး ဖတ်ရှုလိုသည့် စာအုပ်များကို အခမဲ့ စနစ်တကျ ငှားရမ်းပေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာကြည့်တိုက်သို့ မလာရောက် နိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား  စာပေနှင့် အဆက်မပြတ်စေရန်အတွက် အဆိုပါ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းလုပ်ငန်းကို အပတ်စဉ် ပုံမှန် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။