ပန်းတနော်မြို့၌ အပတ်စဉ် စာအုပ်/စာစောင်များ ငှားရမ်းပေး ပန်းတနော် မေ ၂၆ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ အပတ်စဉ် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၌ ငှားရမ်းပေးခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများသည် စာအုပ်/စာပေ လူ့မိတ်ဆွေ၊ စာဖတ်ခြင်းသည် လူငယ်တစ်ယောက်၏ ဘဝကိုတိုးတက်သွားစေယုံမျှမက ပျက်စီးခြင်းဘေးမှလည်းကာကွယ်နိုင်ခြင်း၊ အလိမ္မာစာမှာရှိစသည့် စာဖတ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကို သိရှိနိုင်ပြီး စာပေဝါသနာရှင်များထွန်းကားရေး၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ရေးနှင့် အသိပညာကြွယ်ဝရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဝန်ထမ်းများက လက်ဝယ်အရောက်ငှားရမ်းပေးခြင်းဖြစ်ရာ အဆိုပါငှားရမ်းရာ၌ အထွေထွေဗဟုသုတ စာအုပ်၊ ဂျာနယ်၊ ဝတ္ထု၊ သုတ/ရသ၊ မဂ္ဂဇင်း၊ ကာတွန်းနှင့် ရုပ်ပြစာအုပ်များ အပတ်စဉ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ အပတ်စဉ် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၌ ငှားရမ်းပေးခဲ့သည်။

ဆရာ/ဆရာမများ သည် စာအုပ်/စာပေ လူ့မိတ်ဆွေ၊ စာဖတ်ခြင်းသည် လူတစ်ဦး၏ ဘဝကို တိုးတက်သွားစေယုံမျှမက ပျက်စီးခြင်းဘေးမှလည်း ကာကွယ်နိုင်ခြင်း၊ အလိမ္မာစာမှာရှိစသည့် စာဖတ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကို သိရှိနိုင်ပြီး စာပေဝါသနာရှင်များ ထွန်းကားရေး၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ရေးနှင့် အသိပညာကြွယ်ဝရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ရာ အဆိုပါငှားရမ်း ရာ၌ အထွေထွေဗဟုသုတ စာအုပ်၊ ဂျာနယ်၊ ဝတ္ထု၊ သုတ/ရသ၊ မဂ္ဂဇင်း၊ ကာတွန်းနှင့် ရုပ်ပြစာအုပ်များ အပတ်စဉ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။