ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ၌ ကလေးသူငယ်များအသိပညာတိုးတက်စေရေး နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နံနက် ၁၁ နာရီ က ပြုလုပ်ခဲ့သည်။

နွေရာသီကျောင်းပိတ်ရက် ပြည်သူများနှင့် ကလေးသူငယ်များ စာဖတ်စွမ်းရည်မြင့်မားရေး၊ ဦးနှောက်နှင့်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်ရေး ၊ စာအုပ်စာပေမှ ပေးသော အသိပညာအတတ်ပညာများ ရရှိရေး၊ စာအုပ်စာပေချစ်မြတ်နိုးရေး၊ စာဖတ်အားကောင်းမွန်စေရေး၊ စာပေဝါသနာရှင်များ ထွန်းကား ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က တစ်ဦးချင်းဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်း၊ စာပေဖတ်ရှုရန် နည်းလမ်းများ၊ မိမိစိတ်ဝင်စားစရာ စာပေ ဖတ်ရှုခြင်းတို့ကို လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊။