ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ပြည်သူများ စာပေဗဟုသုတ ကြွယ်ဝစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ ရက်(၁၀၀)စီမံချက်အရ နယ်လှည့်စာကြည့်တိုက် (Mobile Library) ဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုပေးရာတွင် ပြည်သူများ စာပေနှင့် အလှမ်းမဝေးစေရန်အတွက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ သုတ၊ ရသ စာအုပ်များ၊ မဂ္ဂဇင်းနှင့် ရုပ်ပြစာအုပ်များကို စိတ်ပါဝင်စားသူများ အလွယ်တကူ ဖတ်ရှုငှားရမ်းနိုင်ရန် စီစဉ်ပေးခြင်း၊
အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ လူမှုဝန်ထမ်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဆိုင်ရာ အချက်အလက်များကိုပြသခြင်း၊စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး များကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်အသင်းဝင်သစ်များအား လက်ခံဆောင်ရွက် ပေးခြင်းလုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ စနစ်တကျ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
