နောက်ခံသမိုင်းကြောင်း

ပန်းတနော်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)အဖြစ်ပြောင်းလဲလာမှုသမိုင်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကို ပန်းတနော်မြို့ ၊  အလယ်ပိုင်းရပ်ကွက်၊ သီဟလမ်းတွင် (၂၈.၇.၁၉၉၈) ခုနှစ်တွင် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။ ရာထူးဖွဲ့စည်းပုံမှာ ဒုတိယဦးစီးမှူး၊ ဓာတ်ပုံကျွမ်းကျင်-၂ ၊ စာကြည့်တိုက် လက်ထောက် – ၃ ၊ ရုပ်သံကျွမ်းကျင်-၃ ၊ အငယ်တန်းစာရေး၊ လုပ်သားရုပ်သံ၊ ရုံးအကူ၊ အစောင့် ရာထူးများဖြင့် ဌာနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

ဌာနလုပ်ငန်းများအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတပိုမိုတိုးတက်စေရေးအတွက် စာအုပ်စာစောင်ငှားရမ်းခြင်းလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခြင်း၊  နယ်လှည့်စာကြည့်တိုက် လုပ်ငန်း၊ နယ်လှည့်ဟောပြောပွဲ ၊ နယ်လှည့်ဓာတ်ပုံပြပွဲများကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်းအပြင် အရေးကြီးပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များ နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ သတင်းရေးသားခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ သတင်းမှတ်တမ်းယူခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နေ့ကြီးရက်ကြီးအထိမ်းအမှတ်အခမ်းအနားများတွင် ဓာတ်ပုံပြခန်း များဆောင်ရွက်ခြင်း၊ အသိပညာ ပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် အခမ်းအနားမှူး လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာစာကြည့်တိုက်များဖွင့်လှစ်ပေးခြင်း၊ ကျေးရွာစာကြည့်တိုက်ကော်မတီများနှင့်  ပူးပေါင်းပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျေးရွာစာကြည့်တိုက်မှူးများ အား စာကြည့်တိုက်ထိန်းသိမ်းနည်းစနစ်များအား သင်ကြားပြသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။

လူထုအခြေပြုဗဟိုဌာန(Community Centre)

လူထုအခြေပြုဗဟိုဌာန (Community Centre) သည် ပြည်သူများအသိပညာရှာမှီးရာ နေရာ၊ ပြည်သူများ သတင်းအချက်အလက်ရှာဖွေရာနေရာ၊ ပြည်သူများတိုင်းကျိုးပြည်ကျိုး၊ ရပ်ကျိုး ရွာကျိုးများ ဆွေးနွေးတိုင်ပင်ရာနေရာ၊ ပြည်သူများ အပန်းဖြေရာနေရာဖြစ်သည့်အားလျော်စွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုကစိတ်ဝင်စားသော၊ အကူအညီ တောင်းခံနိုင်သော ပေါင်းစပ်ဆောင်ရွက်ပေးနိုင်သော၊ ရပ်ရွာအတွက်တန်ဖိုးရှိသောအသုံးဝင်သော နေရာအဖြစ် ပုံဖော်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ရုံးများကို လူထုအခြေပြုဗဟိုဌာန(Community Centre)အဖြစ်ပေါ်ပေါက်လာစေရန် ဆောင်ရွက်ခဲ့ပါသည်။ မူလစာကြည့်တိုက်လုပ်ငန်းများအပြင် ပြည်သူများ စုဝေးဆွေးနွေးနိုင်သောနေရာ၊ ရပ်ကွက်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် သတင်းအချက်အလက်   ရယူဖလှယ်နိုင်သောနေရာ  ၊   ပညာပေးလုပ်ငန်းများ   စုပေါင်းဆောင်ရွက်နိုင်သောနေရာ၊ လူငယ်များအတွက်အသိပညာအတတ်ပညာများ ဆွေးနွေးပို့ချပေးနိုင်သောနေရာ များအဖြစ် အသုံးပြုနိုင်စေရန် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ လူထုအခြေပြု ဗဟိုဌာနများအဖြစ် ဆောင်ရွက်ခဲ့ရာ ပန်းတနော်မြို့နယ်၏ လူထုအခြေပြုဗဟိုဌာန (၂)ထပ်အဆောက်အဦသစ် ဖွင့်ပွဲကို  ၄-၆-၂၀၂၃ ရက်နေ့တွင် ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့ပါသည်။

လူထုအခြေပြုဗဟိုဌာန(Community Centre)ပန်းတနော် အဆောက်အဦသစ်ဖွင့်လှစ်ပြီး ပြည်သူများလူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွင့်လှစ်သည့် သင်တန်းများမှ တစ်ဆင့် အတတ်ပညာများရှာမှီးနိုင်သည့်နေရာ၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရှာမှီးရရှိရာနေရာ၊ သတင်းအချက်အလက် ရှာဖွေလေ့လာဖြန့်ဝေနိုင်သည့် ပြည်သူအကျိုးပြုရာနေရာ တစ်ခုဖြစ်လာစေရန်၊ လူကြီးလူငယ်မရွေး (Community Centre)အား အသုံးပြု ဝင်ထွက် သွားလာ နိုင်သည့် အများပြည်သူရင်းနှီးကျွမ်းဝင်ရာနေရာဖြစ်လာစေရန်၊ ဒေသခံပြည်သူများ အားလုံး (Community Centre)သို့  လာရောက်စုရုံးကာ မိမိတို့၏ ရပ်ရွာအကျိုး စုပေါင်းဆွေးနွေးတိုင်ပင်ရာ နေရာတစ်ခုဖြစ်ပေါ်လာစေရန် အများပြည်သူအကျိုးရှိစွာ အသုံးပြုနိုင်သည့် လူထုအခြေပြုဗဟိုဌာန အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။